Myanmar Idoမှာ အန်ကယ်မပါတော့ ပွဲလေးဆူသွားအောင် သူ့ရဲ့ဖက်ရှင်နဲ့ ကူညီချင်တယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

0
27

ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာတော့ နာမည်ကြီး ဆယ်လီတစ်ဦး ဖြစ်လို့နေပါပြီ။ အနုပညာလောကမှာ (၁၀) စုနှစ် တစ်ခုစာ ရပ်တည်နိုင်ခဲ့တဲ့ ကျော်ကျော်နန္ဒက လက်ရှိမှာတော့ တီဗီဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးနေနိုင်ပြီ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေကိုလည်း လက်မလည်အောင် တက်ရောက်ပေးနေရတဲ့ ကျော်ကျော်နန္ဒက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေသူပဲ ဖြစ်ပါတယ်။

မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် Myanmar Idol Season 4 ပြိုင်ပွဲကြီးအတွက် တစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်စားနေကြသလို ကျော်ကျော်န္ဒလည်း စိတ်လှုပ်ရှားနေကြတဲ့ ပုံပါပဲ။ ကျော်ကျော်နန္ဒက Myanmar Idol Season 4 ပြိုင်ပွဲကြီးနဲ့ ပက်သတ်ပြီး သူ့ရဲ့ ဆန္ဒကို အခုလိုပဲ ပြောထားပါတယ်။

“စောင့်​​မျှော်​​နေပါပြီ ဒိုင်​​တွေအားလုံးက ကိုယ့်​အကြိုက်​​တွေပဲ။ ဒါ​ပေမယ့် အန်​ကယ်​မပါ​တော့ပွဲ​လေး ဆူသွား​အောင်​ ကိုယ့်ဖက်ရှင်နဲ့ ​​​တ​စ်​​ဒေါင့်​တစ်​​နေရာက​နေ ဝန်​ရံခွင့်​​လေးရခဲ့ရင်​ ဖြင့်​” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဒီတစ်ခေါက် ကျင်းပမယ့် Myanmar Idol Season 4 မှာ အန်ကယ်မြန်မာပြည်သိန်းတန် မပါဝင်တော့ပဲ အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်ဒိုင်အဖြစ် ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ပွဲဆူသွားအောင် လုပ်ပေးချင်နေတဲ့ပုံပါပဲ။ ပရိသတ်ကြီးရော ကျော်ကျော်နန္ဒ ပြောတဲ့ စကားကို ဘယ်လိုသဘောရပါသလဲ?
.
Rowena
Source:Kyaw Kyaw Nanda’s fb
crd