မေသန်းနုနဲ့တူတယ်လို့ ပြောတာကျေနပ်တယ်ဆိုတဲ့ ညီမဖြစ်သူ အိဖြူထွေး

0
409

မြန်မာနိုင်ငံရဲ့ ရုပ်ရှင် အဖြူအမဲ ခေတ်ကတည်းက ပရိသတ်တွေ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချော မေသန်းနုကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ မင်းသမီး မေသန်းနုတွေကတော့ ဆယ်စုနှစ်တွေများစွာ အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ မင်းသမီးမေသန်းနုကတော့ လက်ရှိချိန်ထိလည်း အောင်မြင်မှုကို ထိန်းထားနိုင်တုန်းပါပဲ။ မေသန်းနု အပြင်လက်ရှိမှာတော့ သူမရဲ့ ညီမဖြစ်သူကလည်း အနုပညာလောကထဲကို ဝင်ရောက်စပြုနေပြီး မေသန်းနုနဲ့တူတာကြောင့် ပရိသတ်တွေရဲ့ ဝန်းရံမှုကို ခံနေရတာ ဖြစ်ပါတယ်။

မေသန်းနုရဲ့ ညီမဖြစ်သူ အိဖြူထွေးကတော့ MC နဲ့ အင်တာဗျူးမှာတော့ မေသန်းနုဆီက အတုယူဖြစ်တဲ့ အရာတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “သူ့ရဲ့ အမူအရာတွေ အကုန်လုံးကို အတုယူပါတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ ကောင်းပါတယ်။ မောင်နှမတွေထဲမှာကို အေးတယ်။ မောင်နှမတွေကြားမှာ မိခင်လို ဖြစ်နေတာလေ။ ဆုံးမသင့်ရင်လည်း ဆုံးမတယ်။ သူ့ကိုအတုယူစရာတွေ များတာပေါ့။ လေးလည်းလေးစားတယ်လေ”

မဆင့်က သရုပ်ဆောင် လုပ်ဖို့ ပြောဖူးလားဆိုတဲ့ အပေါ်မှာတော့ “အရင်က နိုင်ငံခြားမသွားခင်တော့ ပြောဖူးတယ်။ ကျမကလည်း နယ်မှာကြီးတဲ့သူဆိုတော့ လူရှေ့တောင် ဖြတ်မလျှောက်ရဲဘူးလေ။ အဲ့တော့ အိုက်တင်လုပ်ရမှာ အရမ်းရှက်ပါတယ်။ ကျမက အရီပဲတတ်တယ် အငိုမတတ်ဘူး အရမ်းရှက်တယ်။ အဲ့ဒါကြောင့်လည်း မင်းသမီး မဖြစ်တာပေါ့နော်”

“အခုကတော့ နိုင်ငံခြားမှာ နေတာကြာလာတော့ အမြင်ကျယ်လာတာကြောင့် စိတ်ဝင်စားလာတာပေါ့။ အနုပညာပိုးကတော့ ငယ်ငယ်လေးကတည်းကပါတာပေါ့။ ဒါပေမယ့် ရှက်တာကြောင့် မလုပ်ရဲတာပါ။ ကျမဆိုရင် ၈ တန်းလောက်ပဲ ရှိပါသေးတယ်။ အမ မင်းသမီးဖြစ်တာပေါ့။ အမ နဲ့ ဆို ကျမက ၁၀ နှစ်ကွာပါတယ်။ မောင်နှမ ၁၀ ယောက်ရှိပါတယ်။ မဆင့်ကတော့ နံပါတ် ၃ ကျမကတော့ ၉ ပါ။ မိန်းကလေးထဲမှာတော့ အငယ်ဆုံးပါပဲ”

မဆင့်နဲ့ ဘယ်အချိန်တွေ တူလဲဆိုတဲ့ အပေါ်မှာတော့ “မဆင့်နဲ့ ကျမကတော့ အများတွေ ပြောကြတာတော့ စကားပြောတဲ့ ပုံစံလေးတွေ တူတယ်လို့ ပြောပါတယ်။ အမဆိုလည်း ကျမက အမေနေရာမှာပဲ သဘောထားပါတယ်။ သူပြောတာတွေကို လိုက်နာတယ်။ ရှင်းရှင်းပြောရင် သူနဲ့တူတယ်လို့ ပြောကြတာ ကျေနပ်တာပေါ့နော်။ အဲ့လိုပြောရင်လည်း မြောက်ပြောတာ ဖြစ်ဦးမယ်။ အမ ရဲ့ လျှောက်လှမ်းနဲ့ အနုပညာလမ်းကြောင်းမှာ ကောင်းမွန်တဲ့ အနုပညာရှင် တယောက်လို့ မြင်ပါတယ်။ အားလည်း ကျပါတယ်။ သူ့နာမည်ကို ထိန်းထားနိုင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။crd