တရားစွဲ ခံလိုက်ရလို့ တရားပြန်စွဲလိုက်တဲ့ ရွှေအိမ်စည်

0
1200

ဒေါ်စိုးယုဝေ တရားစွဲထားတဲ့အမှု အပေါ် ကိုယ့် Image ထိခိုက်တယ်ထင်ပြီး မတရားဘူးထင်လို့ တရားပြန်စွဲခဲ့တဲ့ အလှမယ် ရွှေအိမ်စည်က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ခုလို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

ပထမဦးစွာ ရွှေအိမ်စည်ရဲ့ ရှေ့နေပြောကြားချက်အရ ရွှေအိမ်စည် တရားခံအမှုမှာ မင်္ဂလာတောင်ညွှန့် ကနေ ရန်ကင်းကို ရုံးပြောင်းလျှောက်တယ်။ လုပ်ထုံးလုပ်နည်းအရ ရုံးပြောင်းလျှောက်ရင် ပြောင်းတဲ့ရုံးမှာ အာမခံပြန်တင်ရပါတယ်။ အရင်ရုံးရဲ့ အာမခံအတိုင်းပါပဲ။ မင်္ဂလာတောင်ညွှန့်မှာက ရွှေအိမ်စည်ကို တရားခံအနေနဲ့ ပုဒ်မ ၆၆ဃ နဲ့ ဆွဲထားတာပါ။ ဒီရန်ကင်းမြို့နယ်မှာ ရွှေအိမ်စည်က အရင် ဒေါ်စိုးယုဝေကို ပုဒ်မ ၆၆ ဃနဲ့ ဆွဲထားတာပါ။ အစက ရုံးနှစ်ရုံးဖြစ်နေတဲ့အတွက် သက်သေတွေကလည်း အများကြီးနဲ့ တရားစီရင်ရေး ကိစ္စမှာ အခက်အခဲဖြစ်သွားနိုင်တာကြောင့် ရွှေအိမ်စည်ကို တစ်ရုံးထဲ စစ်ရင် ပိုကောင်းတယ်လို့ ကျွန်တော်က အကြံပေးလိုက်တယ်။ ဒီလိုရုံးပြောင်းလျှောက်တယ်ဆိုတာလည်း တရားသူကြီးကို မကျေနပ်လို့၊ တရားစီရင်ရေးကို မနှစ်မြို့လို့ မဟုတ်ပါဘူး။ တရားစီရင်ရေး ပိုမိုချောမွှေ့စေဖို့ပါ။ ဒါကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တာပါ။

လာမယ့် ၂၀ရက်နေ့မှာ အမှုစစ်ဆေးတဲ့အလုပ်ကို စလုပ်မယ်။ ရွှေအိမ်စည်ဆွဲထားတဲ့အမှုက ဒီရုံးမှာ ၁၄ရက်နေ့ ရုံးချိန်းရှိတယ်။ ၁၄ရက်နေ့ရုံးချိန်းကိုလည်း အဲ့နေ့ကျမှ ၂၀ရက်ကို ကျွန်တော်တို့ ရုံးချိန်းချိန်းမယ်။ ဒီတော့ နှစ်မှုစလုံးက ၂၀ရက်နေ့မှာ တစ်ချိန်းထဲတည်းဖြစ်သွားမယ်။ ရွှေအိမ်စည်ကို အရင်စစစ်မလား ဒေါ်စိုးယုဝေကို စစစ်မလားဆိုတာတော့ ရုံးတော်က သဘောပါ။ အဲ့တော့ ဖြစ်ရပ်တစ်ခုပေါ်မှာ ဘယ်သူက ၆၆ဃကို ကျူးလွန်သလဲ၊ ဘယ်သူက မကျူးလွန်ဘူးလဲ၊ နှစ်ယောက်လုံး ကျူးလွန်လား၊ နှစ်ယောက်လုံး မကျူးလွန်ဘူးလား ဆိုတာ ရုံးတော်က ဆုံးဖြတ်ရမှာပါ။ ဒီဆုံးဖြတ်ချက်အပေါ်မှာမှ ကျွန်တော်တို့က မကျေနပ်ဘူးဆိုရင် အပေါ်ရုံးတွေအထိတက်လို့ရတာပေါ့။ လောလောဆယ်တော့ ဒါကပြောဖို့စောလွန်းသေးတယ်။ အမှုစစ်တဲ့အဆင့်ကိုတော့ အခုမှ စရမှာဆိုတော့။ ဒါကြောင့်မို့ ဘာမှ ပြောင်းလဲစရာ မရှိပါဘူးလို့ ရွှေအိမ်စည့် ရှေ့နေက ပြောသွားခဲ့ပါတယ်။

ရွှေအိမ်စည်အနေနဲ့ကတော့ အချိန်အတိုင်းအတာတစ်ခုထိကို စောင့်ရမှာပေါ့နော်။ ဒါပေမယ့် တစ်ချို့ ဆုံးဖြတ်ချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်လို့ပေါ့။ ဒါကြီးက မှားယွင်းနေတယ်ထင်လို့ စွဲထားတဲ့အချိန် မှာပေါ့။ Crown သိမ်းတဲ့အမှုနဲ့ပတ်သတ်ပြီးတော့ရော၊ ၆၆ဃနဲ့ ပတ်သတ်ပြီးတော့ ရော ဒါတစ်ခုထဲ ပေါင်းစွဲထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ အိမ်စည်က ဘယ်လိုမြင်လဲဆိုတော့ အမှုမပြီးမချင်းကတော့ အိမ်စည်ဟာ Miss Grand Myanmar တစ်ယောက်ပဲ။

အိမ်စည်ကတော့ အကျိုးဆောင်နဲ့တိုင်ပင်ပြီး ရုံးချိန်းလေး ပုံမှန်လာပေးတယ်။ အတက်နိုင်ဆုံး ကိုယ့်ဘက်ကတော့ လုပ်ပေးနေပါတယ်။ ပြင်ဆင်ထားကတော့ ကိုယ့်ဘက်ကစစွဲတယ်ဆိုတာက ခိုင်လုံလို့ ပြီးတော့ နစ်နာသူကတော့ တရားအစီအရင်နဲ့ မဆိုင်ပါဘူး။ အိမ်စည်ကိုယ်တိုင်ကတော့ အိမ်စည်လို့နစ်နာတယ်လို့ပဲ မြင်တယ်။ ကြာတော့ကြာတာပေါ့။ Cooperation ရှိတဲ့အတွက်ကြောင့် ဘာပဲပြောပြော ညှိနှိုင်းပြီးလုပ်ပေးနေတဲ့အတွက်ကြောင့် အဆင်တော့ပြေပါတယ်။

အိမ်စည်အဲ့တုန်းက ဘာလို့တရားစွဲခဲ့လည်းဆိုတော့ အိမ်စည့်အမြင်အရ လူတစ်ယောက်ကို မကျေနပ်တိုင်း တရားစွဲလို့ မရဘူးလို့မြင်တယ်။ အဓိကက ကိုယ်ထိခိုက်နစ်နစ်နေတယ်။ ကိုယ့် Image ကို ထိခိုက်တယ်။ ကိုယ့်ကို စွပ်စွဲထားတဲ့ဟာက မတရားဘူးလို့ မြင်လို့ တရားစွဲခဲ့တာပေါ့နော်။ သူတို့ဘက်က ဘာလို့စွဲလည်းဆိုတာတော့ မသိဘူး။ အဲ့အတွက် ရင်ဆိုင်စရာရှိတာတော့ရင်ဆိုင်ရမှာပဲ။

အိမ်စည်ပရိသတ်တွေကိုလည်း စိတ်မပူစေချင်ပါဘူး။ ဒါတွေအားလုံးက အချိန်တန်ရင် ပြီးသွားလိမ့်မယ်။ အရာအားလုံးက ပုံမှန်လည်ပတ်နေတာဆိုတော့ စိတ်မပူစေချင်ဘူး။ ဒါအိမ်စည့်ရဲ့ ဘဝလည်း မဟုတ်ဘူး ဆိုတော့ ပရိသတ်တွေကို စိတ်မပူပါနဲ့ မှာနေကျအတိုင်းပြောခဲ့ပါတယ်။crd