ဇနီးသည်အသံက ရိုးသားဖြူစင်ပြီး ပကာသန မရှိဘူးဆိုတဲ့ ကောင်းကောင်း

0
923

Melody World သီချင်းဆို ပြိုင်ပွဲကနေ တက်လှမ်းလာပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့သူထဲမှာ ကောင်းကောင်းလည်း ပါဝင်ပါတယ်။ နီလာထူးနဲ့ လက်ထပ်ခဲ့ပြီး ဂီတမျိုးဆက်ဖြစ်တဲ့ သားလေးတစ်ဦးကို ပိုင်ဆိုင်ထားသလို သူ့အတွက် သီချင်းလေးတွေ ရေးစပ်သီဆိုလေ့ ရှိပါတယ်။ ဂီတကို ဝါသနာပါတဲ့ ဇနီးသည်ကို သီချင်းဆိုစေချင်တဲ့ အကြောင်းကိုတော့ ကောင်းကောင်းက ခုလို ပြောပြသွားပါတယ်။

“ကျွန်တော့် အမျိုးသမီးက သီချင်းဆိုတာ ဝါသနာပါတယ်။ အဲ့အတွက် အမေများနေ့မှာ ကျွန်တော် ရေးပြီးတော့မှ ထွန်းရတီ သီဆိုထားတဲ့ သီချင်းကို cover ပြန်ဆိုဖြစ်တာ။ သူ့အသံလေးကလည်း ကောင်းပါတယ်။ ကျွန်တော့် အမျိုးသမီးက ဝါသနာရှင်လောက်ပါပဲ။ ဒါပေမဲ့ သူကလည်း ဂီတကို ချစ်တော့ လုပ်ပေးရတာပေါ့။ နောက်ထပ် သူ့ကို လုပ်ထားပေးတဲ့ အရာလေးတွေ ရှိပါတယ်။ အဆွေးသီချင်းလေးပဲ သူ့အသံ အေးအေးလေးနဲ့ လိုက်တယ်။” လို့ ဆိုပါတယ်။

ဇနီးသည်က အရမ်းရှက်တတ်လို့ အွန်လိုင်းမှာပဲ သီချင်းတင်မယ့် အကြောင်း ကောင်းကောင်းက ခုလို ပြောပါတယ်။

“ကျွန်တော်က သူ့ကို ဆိုစေချင်တယ်။ ဒါပေမဲ့ အရမ်းရှက်တတ်တယ်။ အခုလို စုံတွဲ ဆိုမယ် ပြောလည်း မဆိုရဲဘူး။ ဒါပေမဲ့ သူဝါသနာပါတာလေးတစ်ခုကိုတော့ supporting လုပ်သွားပြီး အွန်လိုင်းမှာ တစ်ပုဒ်ချင်း ထုတ်သွားဖို့ ရှိပါတယ်။ နှစ်ယောက်တွဲအခွေထွက်ဖို့တော့ စိတ်ကူးကိုတော့ တစ်နေ့ အကောင်အထည် ဖော်ဖြစ်မှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ဇနီးသည်ရဲ့ အသံနဲ့ ပတ်သက်ပြီး ကောင်းကောင်းက ခုလို ချီးမွှမ်းခန်း ဖွင့်သွားပါတယ်။

“သူ့အသံက ရိုးတယ် ဖြူစင်တယ် ပကာသန မရှိဘူးပေါ့နော်။ ချစ်ဖို့ကောင်းပါတယ်။ အမှန်အတိုင်းပြောရရင် နီနီခင်ဇော်က ပိုကောင်းပါတယ်။ ကျွန်တော့် ဇနီးကိုတော့ ရိုးသားတဲ့ ဂီတကို ချစ်ခြင်းတစ်ခုနဲ့ပဲ လုပ်သွားပေးဖို့ ရှိပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။crd