ကိုယ့်ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ချင်တဲ့ စူးရှထက်

0
653

မော်ဒယ်စူးရှထက် ကနေနဲ့The Radar အင်တာဗျူးတစ်ခုမှာ သူနောက်လျှောက်လှမ်းမယ့်အနုပညာခြေလှမ်းအကြောင်းကိုပြောပြသွားတာရှိပါတယ်။ အဲ့ဒီလိုပြေပြသွားတဲ့အကြောင်းတွေ ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်ပြောပြပေးလိုက်ပါတယ်။

သရုပ်ဆောင်ဘက်ကိုကူးဖို့အစီစဉ်ရှိလားဆိုတဲ့ မေးခွန်းနဲ့ ဘယ်လိုဇာတ်မျိုးကိုရိုက်ကူးချင်လဲဆိုတဲ့မေးခွန်းတွေကို တော့ “သရုပ်ဆောင်ဘက်ကိုကူးဖို့အစီစဉ်ရှိပါတယ်။ ညီမကို ကမ်းလှမ်းလာတဲ့အပေါ်မူတည်ပြီးတော့ သရုပ်ဆောင်မှာပါ။ ညီမစိတ်ကူးလေးရှိတာပေါ့ ညီမသရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်လာလို့ရှိရင် ညီမဘဝရပ်တည်မှုပေါ့ ညီမရုန်းကန်လာရတဲ့ ဘဝအကြောင်းလေးကို တကယ်ရိုက်ချင်တဲ့ဆန္ဒလေးရှိပါတယ်။ အဲ့ဒီအကြောင်းလေးကိုတကယ်ရိုက်ချင်ပါတယ်။ ဒီလိုပါပဲ ဘဝတစ်ခုရယ်လို့ဖြစ်လာရင် မိန်းကလေးတစ်ယောက်လည်းရုန်းကန်လာရတာတွေရှိတယ်။ ဘယ်လိုမျိုးရုန်းကန်လာရတဲ့အကြောင်းဘယ်လိုဖြတ်သန်းလာရတဲ့အကြောင်း ဒီလိုမျိုး ဒီအခြေနေရောက်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတဲ့ဟာတွေကိုပေါ့နော် ညီမရိုက်ချင်တာပါရှင့် ။

ပရိသတ်ကိုဘယ်လိုသင်ခန်းစာရစေချင်လို့ရုပ်ရှင်ရိုက်ရတာလဲဆိုတဲ့မေးခွန်းကို “ ညီမပရိသတ်ကိုဘယ်လိုသင်ခန်းစာမျိုးရစေချင်လည်းဆိုတော့ ညီမပြောတာက ကိုယ်ရောက်ရှိနေတဲ့ဘဝမှာ ကိုယ်ရောင့်ရဲတင်းတိမ်နိုင်အောင် ပြီးလို့ရှိရင်ကိုယ့်ရဲ့အမြင့်ကိုမကြည့်နဲ့ ပေါ့ကိုယ့်ရဲ့အောက်ကိုကြည့်ပါ ။ဘယ်နေရာပဲ ဘယ်လိုပဲရောက်ရောက် စိတ်ဓာတ်မကျပါနဲ့ အဆိုးဆုံးရောက်လာတဲ့အခြေအနေဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တောင် အကောင်းဆုံးဖြစ်အောင်ရပ်တည်ဘာလို့ပြောချင်ပါတယ်။ ညီမကကျအဲ့ဒီလိုမျိုးလူဆိုတာကလေ စိတ်ဓာတ်ပျော့ညံ့နေလို့မရဘူး ကိုယ့်ကိုယ်ကိုယ် လဲအောင်လုပ်မှ ကိုယ်ကလဲ တာ သူများတကာ လာတွန်းပြီးလဲချလို့မရဘူး ။ ကိုယ်ကိုယ်တိုင်ကအရှုံးမပေးသရွေ့လဲကျဖို့မရှိပါဘူး အဲ့တာကြောင့်မို့လို့ စိတ်ဓာတ်မကျကြပါနဲ့လို့ ။ဆိုပြီးပြောပြသွားခဲ့ပါတယ်. ။ပြောချင်လွန်းလို့ကဘော်ဒါတွေရော စူးရှထက် ရုပ်ရှင်သာရိုက်ခဲ့ရင်သွားပြီးအားပေးကြမှာလားဗျ ။

crd