အုပ်စိုးခန့်ဘာလို့စော်ကြည်လဲစဉ်းစားမရဘူးဆိုတဲ့ ဖုန်းသီရိကျော်

0
109

မော်ဒယ်ဖုန်းသီရိကျော်နဲ့ အုပ်စိုးခန့် တို့ သူငယ်ချင်းတွေစဖြစ်ခဲ့ကြတဲ့ အမှတ်တရတစ်ချို့နဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားလေးတွေ ဘယ်လိုမျိုးပုံစံရှိတဲ့အကြောင်းကို ခုလို အပြန်အလှန်ပြောခဲ့ပါတယ်။

Oppo အတွက် Photo shoot လုပ်ဖြစ်ရင်း စသိခဲ့တာပါ။ သူမခင်ဖို့ကောင်းပါတယ်။ ညီမက Shooting မှာ နှစ်ရက်လောက်နေပြီးမှ ခင်ဖြစ်တာများပါတယ်။ စစတွေ့ရင် အရမ်းအေးတဲ့ထဲမှာပါတယ်။ သူကအဲ့လိုအေးတဲ့သူကိုတောင် ဘေးနားကနေ ရီအောင်လုပ်ပေးနိုင်တယ်ဆိုတော့ ခင်ဖို့ကောင်းပါတယ်။ စတာတော့မဟုတ်ပါဘူး။ ညီမကအေးနေတော့ သူ့ဘက်ကပဲ စကားတွေစပြောဖြစ်သွားတာပါ။ ဖော်ရွေပါတယ်။

Friendly ပိုဖြစ်ပါတယ်။ ကျွန်တော်က လူမှုဆက်ဆံရေးအကုန်လုံးအပေါ် Friendly ပါပဲ။ ခင်တာကတော့ သိမ့်မကြာသေးပါဘူး။ ကျွန်တော့ကတော့ အငယ်ပါ အချောဆုံးပေါ့။ပြီးတော့အနုဆုံးပေါ့။ ညီမကအသက်ပိုကြီးပါတယ်။ သူကိုစတွေ့တုန်းက အသက်ကိုမေးတော့ ၂၁ ဆိုတော့ နဲနဲအံ့သြသွားတာတော့ရှိတာပေါ့။ မထင်ရဘူး ညီမကနုတာပေါ့နော်။

အုပ်စိုးခန့်က ကောင်မလေးတွေနဲ့သတင်းထွက်တာလေးတွေရှိတဲ့အပေါ် နဲနဲတော့ သတိထားရတာပေါ့နော်။ သူကခင်ဖို့ကောင်းပါတယ်။ ဖော်ဖော်ရွေရွေပဲ။ သူဘာကြောင့် ဒီလောက်စော်ကြည်နေတာလဲ ဆိုတာကို ဟိုတစ်နေ့က စဉ်းစားနေတာပေါ့နော်။ ဒါပေမယ့်ခေါင်းထဲက ထွက်မလာဘူး။

ကျွန်တော် သူ့ကိုကတော့ အမြဲတွေ့ရပါတယ်။ အပြင်မှာ မတွေ့ခင်ကလည်း Facebook မှာအရမ်း Hit ဖြစ်နေတဲ့သူဆိုတော့လေ။ ညီမကတော့ အုပ်စိုးခန့်လို့ခေါ်တာပေါ့။ သူကတော့ ညီမကို ကိုဖုန်းတဲ့။ အခုထိအားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးကို ဆက်ပြီး အားပေးကြပါဦးလို့ မော်ဒယ် ဖုန်းသီရိကျော်နဲ့ အုပ်စိုးခန့်က ပြောသွားခဲ့ပါတယ်။crd