ဘာသာစုံဂုဏ်ထူးနဲ့ ၁၀ တန်းအောင်မြင်ခဲ့တဲ့ သမီးလေးအတွက် ဂုဏ်ယူနေတဲ့ နိုင်ဇော်

0
125

(၁၀)တန်းကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအတွက် ရင်ခုန်စရာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြီးကတော့ ဇွန်လ(၈)ရက်နေ့မှာ ထွက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျောင်းသားဘဝရဲ့ အရေးကြီးဆုံး အဆစ်အချိုးဖြစ်တဲ့ ဒီညကို အားလုံးက ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ အနုပညာအသိုင်းအဝိုင်းမှာလဲ (၁၀)တန်း ဖြေဆိုအောင်မြင်ခဲ့သူတွေရှိခဲ့ပါတယ်။

Lazy Club ဂီတအဖွဲ့မှ ဂီတာပညာရှင် နိုင်ဇော်ရဲ့ သမီးလေးကလည်း (၁၀)တန်း စာမေးကွဲကို ဘာသာစုံ ခြောက်ဘာသာဂုဏ်ထူး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ဇော်က သူ့ရဲ့သမီးလေးအတွက် ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူရင်း မျက်ရည်တောင်ကျခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ဇော်က “သမီးလေးကိုဘာသာစုံဂုဏ်ထူးထွက်နိုင်အောင်သင်ကြားပေးကြဗသာအထက၄ပုဇွန်တောင်ကျောင်းအုပ်ဆရာမကြီးနှင့်တကွဆရာဆရာမများ ငယ်စဉ်ထဲကစနစ်တကျစောင့်ရှောက်ခဲ့သောကျောင်းအုပ်ဆရာမကြီး(ငြိမ်း)ဒေါက်တာဒေါနုနုရွှေနှင့်ဆရာဆရာမများပြင်ပတွင်ထပ်မံသင်ကြားပေးကြသောဆရာဦးသန့်စင်နှင့်တကွဆရာဆရာမများအိမ်တိုက်ရာရောက်လသင်ကြားပေးသောဆရာမများနှငိ့တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံးကိုသမီးမိုးဖြူစင်ဇော်ကိုယ်စာအထူးးကျေးဇူးတင်ရှိပါသည်။” ဆိုပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။

နိုင်ဇော်ရဲ့ သမီးချောလေး မိုးဖြူစင်ဇော်ကတော့ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့် ၁၀ တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ crd