တောသားတွေလို့ ခွဲခြားပြောနေတာတွေက ရှက်စရာမမဟုတ်ပါဘူးဆိုတဲ့ နေမင်း

0
1309

မန်မာ ဗီဒီယိုဇာတ်ကားတွေထဲမှာကတည်းက အခုချိန်ထိ ပရိသတ်တွေရဲ့အားပေးမှုကိုရယူထားနိုင်တဲ့ မင်းသားနေမင်း ကတော့အခုထိလည်း အနုပညာအလုပ်တွေက ဆက်လက်လုပ်ကိုင်နေတုန်းပါပဲ။ အခုကျနော်တို့ပြောချင်လွန်းလို့ကနေတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ နေမင်းနဲ့ Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။

သူရဲ့ဇာတ်လမ်းရွေးချယ်မှုနဲ့ပတ်သက်ပြီးနေမင်းက “ အဲ့ဒါကဒီလိုဗျ အရင်တုန်းကကျကျနော်တို့စိတ်ကြိုက်စဉ်းစားပြင်ဆင်ပြီး တော့ရွေးချယ်ခဲ့ကြတာပေါ့ ဒီဘက်နောက်ပိုင်းမှာကျ ကျနော်တို့နဲ့သင့်တော်တာတွေရှိသလို ကိုယ်ကြီးရွေးချယ်တာတွေလည်းပါတယ် အမျိုးမျိုးပါပဲ။ အခုနောက်ပိုင်းကကျတော့ ကျနော်ကြိုက်တာတွေလည်းကျနော်ကရွေးတယ်။ ကိုကြီးကလည်းသူကြိုက်တာလေးတွေရွေးတယ် အဲ့ဒါကြောင့်ဇာတ်လေးတွေကစုံသွားတာပေါ့ ။ ဇာတ်အိမ်ကြီးတယ်ဆိုတာက ကိုယ်တွေကလည်းတော်မှာကြီးလာတာရယ် နောက်တစ်ခုက တောမှာရုပ်ရှင်ပြရင်းကြီးလာတာဆိုတော့ အဲ့ဒီလိုဇာတ်လေးတွေကိုပဲ စိတ်ဝင်စားပြီးရွေးချယ်ဖြစ်တာပါတာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်းနေမင်းက “ ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် နယ်ကလူတွေက သူတို့တောကတက်လာတယ် ၊ ရွာကတက်လာတယ် ဆိုရင်မပြောဝံ့ကြဘူး ။တကယ်တော့လူတစ်ယောက်က သူရဲ့ကြိုးစားအားထုတ်မှုနဲ့ပဲဆိုင်ပါတယ်။ သူ့ဟာသူနယ်ကပဲတက်လာတက်လာ ရန်ကုန်ကပဲကြီးပြင်းကြီးပြင်း အဲ့ဒါလေးကို ကိုယ်ကပြန်ပြီးတော့ Highlightပြန်လုပ်ပေးတဲ့ သဘောပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေလိုမျိုးနယ်မှာနေတဲ့သူက မြန်မာပြည်မှာ ၈၀ရာခိုင်နှုန်းလောက်နယ်မှာနေထိုင်ကြတာလေ။ နယ်မှာနေထိုင်လာတဲ့သူတွေက ကိုယ်တို့လိုပဲ နယ်ကနေတက်လာတဲ့သူတွေက သူတို့ဒေသလေးကို သူတို့ဂုဏ်ယူစွာနဲ့ ပြောလာနိုင်တယ်ပေါ့နော် ။

တွေးမိတာပေါ့ ကျနော်တို့ဆိုရင်လည်း ကျနော်တို့ ဂုဏ်ယူချင်စိတ်အမြဲရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသလေးကမွေးပေးလို့ဒီအခြေအနေကိုရောက်လာတာပေါ့။ အဲ့ဒီတော့ ကိုယ့်ဒေသရဲ့တန်ဖိုးကို ကိုယ်စိတ်ထဲက သတိရနေတာပေါ့။ ကျနော်တို့ဆိုရင်လည်း ကိုယ်ဒေသလေးကို အမြဲတမ်းသတိတရရှိနေတယ် ။ ကိုရီးယားရောက်သွားပြီဆိုရင်လည်းကိုယ်မြန်မာ ပြည်ကလာတယ်ဆိုတဲ့အကြောင်းကို မြန်မာရဲ့တန်ဖိုးကို တက်နိုင်သမျှလေးဆွဲထုတ်ပြီးတော့ ပြောဖြစ်တယ်။ ဂုဏ်ယူစွာနဲ့ပဲပြောဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲကအခြေနေ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တန်ဖိုးမထားရင် ကိုယ့်နောက်က မျိုးဆက်ကလည်းတန်ဖိုးထားမှာမဟုတ်ဘူး အဲ့ဒီသဘောပါပဲ။ အမှန်ကရှက်စရာမဟုတ်ဘူးလို့ပြောရမှာပဲလေ ဘယ်သူပဲဖြစ်ဖြစ်နေရာဒေသတစ်ခုကမွေးလာကြမှာပဲလေ ။

crd