ဇာတ်လမ်းတွဲထဲမှာ အပြင်က အဝင်းမဟုတ်တဲ့ ကာရိုက်တာနဲ့ တွေ့ရမယ်ဆိုတဲ့ မိုရီဆာကီဝင်း

0
116

မြန်မာပြည်ဖွား ဂျပန်အဆိုတော် မင်းသားလေး မိုရီဆာကီဝင်း ကိုတော့ လက်ရှိအချိန်မှာ မသိတဲ့သူ မရှိလောက်ပါဘူး။ မင်းသား မိုရီဆာကီဝင်းကတော့ အရမ်းချစ်စရာကောင်းတာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေ သည်းသည်းလှုပ် အားပေးတာကို ခံနေရပြီး လက်ရှိချိန်မှာတော့ မြန်မာပြည်မှာ ရိုက်ကူးမယ့် သူ့ရဲ့ ပထမဆုံးစီးရီးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို ပြောကြားသွား ခဲ့ပါတယ်။

မိုရီဆာကီဝင်းကတော့ “ကျနော် ဒီစီးရီးလေးကို ဘာလို့လက်ခံလိုက်လည်းဆိုတော့ မြန်မာပြည်မှာ သရုပ်ဆောင် တယောက် အရမ်းလုပ်ချင်တယ်ဗျာ။ သရုပ်ဆောင်လည်း အရမ်းဝါသနာပါတာကြောင့် လုပ်ချင်တယ်။ ဒါပေမယ့်လည်း Schedule တွေက လုံးဝမအားဘူး။ MNTV ကလည်း အမြဲတမ်း AWinShowTime ကို ပြနေတယ်။ ပံ့ပိုးပေးနေတော့ ဒီ channel က ပြမယ့် စီးရီးလေး ဖြစ်တာကြောင့် ကျနော် နိုး လို့ ပြောစရာမရှိပါဘူး။ အဲ့ဒါကြောင့် လက်ခံလိုက်တာပါ။

ကျနော်ရုပ်ရှင်တွေက ရိုက်ချင်တယ်။ ကမ်းလှမ်းလာတာတွေလည်း အများကြီး ရှိတယ်။ ဒါပေမယ့်လည်း ကျနော် ဂျပန်မှာလည်း အလုပ်တွေအများကြီး ရှိတာကြောင့် ကျနော့်အလုပ်အချိန်က အပြည့်ဗျာ။ အဲ့ဒါကြောင့်ပါ။ ရုပ်ရှင်တကားရိုက်ရင်တော့ အနည်းဆုံး တလခွဲလောက်ကြာတယ်။ တီဗီစီးရီးကျတော့ ကြိုလုပ်လို့လည်း ရတယ်။ ပြီးတော့ ဒီမှာ လာရင်းနဲ့လည်း ရိုက်လို့ရတော့ ကျနော့် အလုပ်ချိန်တွေအတွက်လည်း ပိုလွယ်တာပေါ့။ ကျနော့် မန်နေဂျာပြောတာပဲ။ ဒါကြောင့် လုပ်ဖြစ်ဖို့ ပိုများသွားတာပေါ့ဗျာ။ မိသားစုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ကျနော်လည်း လုပ်ချင်နေတာနဲ့ လက်ခံလိုက်တာ ဖြစ်ပါတယ်ဗျာ။

ကျနော်မြန်မာဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့တော့ လေ့လာဖြစ်ပါတယ်။ ကျတော်က မြန်မာ မင်းသမီးတွေ မင်းသားတွေနဲ့ တွဲဖူးတဲ့ အတွေ့အကြုံလည်း မရှိတော့ သူတို့အိုက်တင်တွေက ဘယ်လိုအိုက်တင်တွေလည်း ဆိုတာကို ဘယ်လိုအတုခိုး မလဲ ဆိုတာကို ကြိုးစားနေပါတယ်ဗျာ။ ကျနော့်အိုက်တင်တွေကလည်း အများကြီးလိုနေတာကြောင့် အစ်ကိုတို့ အစ်မတို့ကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ကိုယ့်အတွက် လေ့လာနေပါတယ်။

သရုပ်ဆောင်တယ်ဆိုတော့လည်း အပြင်က အဝင်း မဟုတ်တော့ဘူးပေါ့ဗျာ။ အဝင်းက ဘယ်လိုလုပ်တယ်။ ဘယ်လိုသရုပ်ဆောင်တယ် အဝင်းမပြရသေးတဲ့ အရာတခုခုက ဒီကာရိုက်တာပေါ်မှာ မူတည်ပြီးတော့ ထွက်လာလို့ရှိရင် ပိုကောင်းမလားပေါ့။ အဲ့လိုပဲတွေးပါတယ်။ ဒါပေမယ့်လည်း အဲ့ကာရိုက်တာက ဘယ်လိုလာမလဲဆိုတာတော့ ကျနော်လည်း ဇာတ်ညွန်းမဖတ်ရသေးတော့ မသိသေးဘူးဗျာ။ အဲ့ကြောင့် ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကျနော်ကိုယ်တိုင်လည်း စောင့်မျှော်နေပါတယ်ဗျာ” ဆိုပြီး သူမြန်မာပြည်မှာ ပထမဆုံး စီးရီးစတင်ရိုက်ကူးမယ့် အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။crd