ကားမရိုက်ရလို့စီးပွားရေးပဲ လုပ်နေရတယ်ဆိုတဲ့ ဇာတ်ပို့ဇာတ်ရံ လမင်းကဗျာ

0
517

ချစ်စရာကောင်းတော့ အညိုဆင်လေးတစ်ယောက်ဖြစ်ပြီး ဇာတ်ပို့အနေနဲ့ အခုချိန်ထိ သရုပ်ဆောင်နေပြီး နုငယ်လှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့မြန်မာဇာတ်လမ်းတွေကြိုက်နှစ်သက် အားပေးနေတဲ့သူတွေကတော့ အင်မတန်ရင်းနီးပြီးသားဖြစ်နေမယ်လို့ယုံကြည်ပါတယ်။

လမင်းကဗျာက “ နည်းနည်းလေး ဝမှဆိုးလို့ ဝိတ်ချနေတာပါ ။ ဘယ်လောက်လောက်ကြာပြီလဲဆိုရင် နှစ်လလောက်ပဲရှိသေးတယ် ပိန်ပိန်းပါးပါးလေးဖြစ်ချင်လို့ ။ ဝတဲ့အထဲမှာပါပေမယ့် ဝလိုက်ပိန်လိုက်ပါပဲ ။ ဇာတ်ကားတွေကလေ အခု ရုပ်ရှင်ကားကြီးတွေရိုက်တာများနေလို့ ဗီဒီယိုတွေလည်း ခေတ်ပျက်သွားသလို ဖြစ်သွားတာဆိုတော့ နည်းနည်းလေးပါးသွားတာပေါ့ ။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး တော်တော်များများမရိုက်ရဘူး ။ အစက ကိုယ်တစ်ယောက်တည်း မရိုက်ရဘူးမှတ်နေတာ တော်တော်များများမရိုက်ရကြဘူး ။ နောက်ပြီးတော့ အကုန်လုံးက ရုပ်ရှင်ကားကြီးတွေပဲ ရိုက်ကြတာဆိုတော့လေ ။ အဲ့တာကြောင့် စီးပွားရေးပဲ လုပ်ဖြစ်တော့တယ် ။

ဘီယာဆိုင်လေးဖွင့်ထားတယ် စီးပွားရေးကတော့ ဇောက်ချလုပ်သွားမှာပေါ့ ဆိုင်ခွဲတွေလည်း အများကြီးဖွင့်နိုင်အောင် ကြိုးစားမယ် ။ အဓိကကတော့ အနုပညာဘက်မှာ မပြတ်သွားပါဘူး ။ သရုပ်ဆောင်ကမ်းလှမ်းလာရင်လည်း လုပ်ကွက်ကလေးရမယ့် ဟလေးတွေပေါ့ မင်းသမီးရယ်လို့မဟုတ်ဘူး ကိုယ့်အတွက်ကျန်မယ့် လုပ်ကွက်ကလေးရမယ်ဆိုရင် ရိုက်ဦးမှာပါ ။ ပြီးတော့ သီချင်းလည်းလုပ်ဖို့ရှိတယ် မွေးနေ့အမီသီချင်းထွက်ဖို့တော့ ကြိုလုပ်နေတာပဲ မမီတော့လည်း ဒီနှစ်ထဲမှာတော့ထွက်မှာပါ သီချင်းMTVလေးတစ်ပုဒ်ပေါ့ ။ ဆိုင်တွေကလည်း Viper Bar 1,2,3 အဲ့ဒီလိုမျိုးသွားမှာပါ ။ ပလန်လေးတွေတော့ချထားပါတယ် ။”ဆိုပြီးတော့ ပြောပြသွားခဲ့ပါတယ် ။crd