Sun Sun ကမွေးတဲ့ နိုင်ငံမှန်သွားတာဆိုတဲ့ ရွှေအိမ်စည်

0
1032

ငယ်ရွယ်ပြီး လှပမှုပေါင်းစုံထားသလို ဂုဏ်သတင်းလည်းကြီးတဲ့ ရွှေအိမ်စည်ကိုအားလုံးသိကြမယ်ထင်ပါတယ် ။ သူနဲ့ 8 Days မီဒီယာနဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

အိမ်စည်က ပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်လို့လူမုန်းများတယ် ဆိုတဲ့အပေါ်မှာ “လူမုန်းများတယ် ဆိုတာကိုတော့အိမ်စည်က လက်မခံဘူး အိမ်စည်က မုန်းတဲ့သူတွေကို ရှိတယ်လို့ကို မသတ်မှတ်ထားတာ ။ လူတွကတစ်နှစ်ထက်တစ်ပုံစံချင်းမတူတော့ဘအိမ်စည်ဘယ်အချိန်ထိနေဖြစ် မလဲဆိုတာ အိမ်စည် မသိသေးဘူး ။ ဒါပေမယ့် ပွင့်လင်းမှုအတိုင်းအတာတစ်ခုအနေနဲ့ကတော့ရှိနေဦးမှာပါ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Sun Sun နဲ့ ဇာတ်ကားအတူတူရိုက်ခဲ့ရတဲ့အမှတ်တရတွေကိုလည်း ” အမှတ်တရတွေကတော့အများကြီးပဲ Language ပိုင်းတွေအရ သူပြောတဲ့စကားကို ကိုယ်နားမလည် ကိုယ်ပြောတဲ့စကားကို ကိုယ်နားမလည်နဲ့ ဆိုတော့ ညှိနှိုင်းပြီးလုပ်ရတာတွေအများကြီး ဆိုပေမယ့် အရမ်းကို ပေါ့ပါးပြီးတော့ အလုပ်လုပ်ရတယ်လို့ မခံစားရပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ပဲ ။ ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Sun Sun ဆီကသင်ယူစရာတွေကိုလည်း ” အဓိကက သူဆိုလို့ရှိရင် မွေးကတည်းကနေ အသားရေခြောက်တယ် ။ ပြောရမယ်ဆိုရင် သူများတွေနဲ့မတူဘူး အခက်ခဲ အရမ်းများတယ် ။ သူ့ကြည့်လိုက်ရင် Confident ရှိပြီး မနက်ဆိုရင် မိတ်ကပ်လိမ်းပြီး Ready ဖြစ်နေပြီ ရိုက်ကူးရေးလုပ်ဖို့ ။ ဘာမှမဖြစ်သလို မျိုးအရမ်းပေါ့ပါးနေတာပဲ အဲ့ဒါကြောင့် တစ်ခါတစ်လေ သူ့ဆီက သင်ယူစရာတွေအများကြီးရှိတယ် ။ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

ဆက်လက်ပြီးတော့လည်း ရွှေအိမ်စည်က ” အိမ်စည့်အနေနဲ့ပြောရရင်တော့ သူမွေးဖွားတဲ့နိုင်ငံမှန်သွားတယ်လို့ထင်ပါတယ် ။ ဘယ်နိုင်ငံကကောင်းတယ် ဘယ်နိုင်ငံကမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော် ။ အခုလိုသူရပ်တည် မှုဖြစ်လာတယ်ဆိုတာက တော်တော်များများနားလည်ပေး နိုင်လို့ဖြစ်လာတာဆိုတော့ အိမ်စည်ကတော့ဂုဏ်ယူပါတယ် ။”ဆိုပြီးပြောပြသွားပါတယ် ။crd