ဇာတ်ပို့ဇာတ်ရံတွေ အလုပ်ပြန်ရရေးအတွက် ကူညီပေးနေတဲ့ ဘေဘီမောင်

0
285

မော်ဒယ် တစ်ယောက်အနေနဲ့ အချိန်အတော်ကြာအောင် ရပ်တည်ခဲ့ပြီး အခုဆိုရင်သရုပ်ဆောင်ဘက်မှာပါ ခြေလှမ်းစလှမ်းနေတဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးစားပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ရုပ်ရည်ကိုယ်လည်း ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ပရိသတ်တွေ အများကြီးရဲ့ အားပေးဝန်းရံမှုကို ပိုင်ဆိုင်ထားနိုင်တဲ့ ဘေဘီမောင်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ အခုသူနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ဘေဘီမောင်က “အစည်းရုံးကနေပြီးတော့ ဘေဘီကားပြန်ရိုက်ဖို့ အဓိကကတော့ ဇာတ်ပို့ဇာတ်ရံတွေကို အလုပ်ပြန်ရဖို့အရေးကို အစည်းရုံးကနေပြီးတော့ အစည်းဝေးပြန်ခေါ်ပြီးတော့ ဘေဘီတို့မင်းသမီးတွေကိုလည်း အကူညီတောင်းတယ် ။ ကူညီပေးပါ ရိုက်ပေးပါဆိုတော့ ဘေဘီနှစ်ကားရိုက်ပေးဖို့ရှိတယ် ”ဆိုပြီးပြောပြသွားပါတယ် ။

သရုပ်ဆောင်ကြေးယူဖြစ်လားဆိုတဲ့ အကြောင်းတွေကိုလည်း “ မယူပါဘူး ဘာလို့လည်းဆိုတော့ ကူညီတာလေ ဇာတ်ပို့ဇာတ်ရံတွေ အလုပ်ရတယ် သူတို့တွေအဆင်ပြေတယ်ဆိုရင် ဘေဘီတို့ ဒီဘက်ခြမ်းကလူတွေက ပီတိဖြစ်ရတယ် ။ တခြားအပြင်မှာကိုယ်တွေ အနုပညာနဲ့ သီချင်းဆိုတာဖြစ်ဖြစ် အခြား ဓာတ်ပုံရိုက်တာတို့ Show လျှောက်တာတို့က ဘေဘီတို့အတွက် အဆင်ပြေနေသေးတာဖြစ်တဲ့အတွက် ဒီမှာသွားပြီးတော့ အနုပညာကြေးသတ်မှတ်လို့ မရဘူးပေါ့နော် ။ အဓိက ဘေဘီကလည်း ကူညီချင်ပါတယ် ။အစည်းရုံးက အကူညီတောင်းတဲ့အချိန်မှာ ကူညီဖို့အတွက်ကားရိုက်ပေးတာပါ ။ အခမဲ့ရိုက်ပေးတာပေါ့ ဟုတ်”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

ဆက်လက်ပြီးတော့လည်း “ ဘေဘီတို့ထက်စာရင် နာမည်ကြီးမင်းသမီးတွေကို ပရိသတ်တွေက ကြည့်ချင်ကြမှာပါ အတတ်နိုင်ဆုံး အနုပညာကြေးကို မယူဘဲနဲ့ ကားကြီးတွေဘာတွေမှာတန်ရာတန်ကြေးယူတာကတစ်မျိုးပေါ့ ။ ဒီဘက်အစည်းရုံးမှာကျ အခက်ခဲဖြစ်နေတဲ့အချိန်မှာ အားလုံးဇာတ်ပို့ဇာတ်ရံတွေ အလုပ်ရဖို့အရေး ကြိုးစားနေတဲ့အချိန်မှာ တတပ်တအားနဲ့ ပါဝင်ကူညီပြီးပေးဖို့ ပြောချင်ပါတယ်”ဆိုပြီးပြောပြသွားခဲ့ပါတယ်။crd