ရေဘေးကူညီကယ်ဆယ်ရင်း လမ်းမပေါ်မှာပဲ ပျော်ပျော်ကြီး ထမင်းစားခဲ့ကြတဲ့ ဝေဠုကျော်တို့ အဖွဲ့သားတွေ

0
407

ကိုယ်ကျိုးကိုမကြည့်ပဲ ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတမင်းသားကြီးလို့တောင် ခေါ်ဝေါ်ရသူတစ်ဦးပါ။ လတ်တလောမှာ​တော့ ​ဝေဠု​ကျော်​က မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ ရွာတွေမှာ ရေဘေးကူညီကယ်ဆယ်မှုတွေလုပ်ရင်း ပင်ပင်ပန်းပန်းနဲ့ လမ်းမပေါ်မှာ စားသောက်ခဲ့တဲ့ အမှတ်တရထမင်းဝိုင်းလေးအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရဟိတလုပ်နေရရင်ကို ပျော်နေကြတဲ့ ​ဝေဠု​ကျော်​တို့ အဖွဲ့သားတွေရဲ့ထမင်းဝိုင်းကပုံရိပ်တွေကတော့ အရမ်းကို ပျော်ဖို့ကောင်းလှပါတယ်နော်။

ဝေဠုကျော်ကတော့ “13-8-2019 မနေ့က မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာ၊မာန်အောင်ရွာ၊ဟဂံရွာ ရေဘေး ကူညီကယ်ဆယ်မှုခရီးစဉ်မှ အမှတ်တရ ထမင်းဝိုင်း ဝေဠုကျော်ဖောင်ဒေးရှင်း” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ပရိသတ်​​တွေလည်း ပရဟိတကို အားရပါးရလုပ်နေကြတဲ့ သူတွေရော၊ မွန်​ပြည်​နယ်​က ပြည်သူပြည်သားတွေပါ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။crd