သူ့ကိုလုပ်ကြံနိုင်ပေမယ့် လွယ်လွယ်ကူကူတော့သတ်လို့မရဘူးဆိုတဲ့ ဒေါက်တာမြဝတ်ရည်

0
428

ဖေ့ဘုတ်ပေါ်မှာ ဆတ်ဆတ်ထိမခံတဲ့ ကိစ္စလေးတွေကြောင့် အွန်လိုင်းအသုံးပြုသူတွေ အားပေးထောင်ခံကြပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ ဆယ်လီဖြစ်နေတဲ့ ဒေါက်တာမြဝတ်ရည် ယခုမှာတော့ တချို့သောပွဲတွေကို တက်နေရပြီး တချို့သော လှုပ်ရှားမှုလေးတွေကိုလည်း ပါဝင်နေပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ အမှန်တရားကို ပြောတတ်တာကြောင့် သူ့ရဲ့ သွားရေးလာရေးမှာ စိုးရိမ်စရာတွေ ရှိလားဆိုတဲ့ မေးခွန်းကို ပြောကြားသွား ခဲ့ပါတယ်။

ဒေါက်တာမြဝတ်ရည်ကတော့ PannPwint နဲ့ အင်တာဗျူးမှာတော့ သွားရေးလာရေး စိုးရိမ်ရတာတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “အမတို့ ဥပဒေတွေက ထိထိရောက်ရောက် မဖြစ်နေဘူး။ အဲ့လိုအခြေအနေမျိုး မဖြစ်အောင် ကိုယ့်ကို ကာကွယ်မှ ရတယ်။ အမကို စိတ်ပူနေတဲ့သူတွေ ချစ်တဲ့သူတွေ တွေးသလိုမျိုး အမကို လုပ်ကြံဖို့ကတော့ မလုပ်နိုင်ဘူးမဟုတ်ဘူး။ လုပ်နိုင်ကြတယ်။ ဒါပေမယ့် အမကို လွယ်လွယ်ကူကူသတ်လို့မရဘူး။ တချို့ကျတော့လည်း အမကို ဟိုကြံဒီကြံ ကြံကြမယ် ပြောတယ်။ အဲ့လိုလည်း တွေးနေကြမှာပေါ့။ ဒါပေမယ့်လည်း အမကို အဲ့လို ဘယ်တော့မှ လုပ်လို့မရပါဘူး။ အရင်ဆုံးပဲ ကြံကြည့်ပါဦး”

Show လျှောက်ဖို့ ဘယ်လို ပြင်ဆင်ရလဲဆိုတဲ့ အပေါ်မှာတော့ “မင်းသမီးတွေ မော်ဒယ်တွေ ဘယ်လိုလုပ်လည်း ဘယ်လိုနေလည်းဆိုတာကို ကြည့်ပြီးတော့ အမအကြိုက်ဆုံးသူကို ကြည့်ပြီး အိမ်မှာတော့ Train ထားတယ်ပေါ့။ တူချင်မှတော့တူမယ် ဒါပေမယ့် အမက လမ်းလျှောက်ရင် မြန်တတ်တော့ စင်ပေါ်မှာ လျှောက်ရင် မြန်သွားမှာပဲ ကြောက်တာပါ”

အနုပညာရှင်အဖြစ် ရပ်တည်ဖို့ ရှိလားဆိုတဲ့ မေးခွန်းကိုတော့ “အမ ခုခွဲစိတ်ဆရာဝန်အနေနဲ့ကို ပြည်သူတွေကို ကျန်းမာရေး ဗဟုသုတလုပ်နေတဲ့ အရာလေးတွေ ရှိပါတယ်။ လူတွေနဲ့ ဆိုင်တဲ့ လှုပ်ရှားမှုလေးတွေ ပါဝင်ပေးပါတယ်။ ကျန်တဲ့ ကိစ္စလေးတွေကိုတော့ မလုပ်တော့ပါဘူး”

မိန်းကလေးတွေ လုံခြုံရေးနဲ့ ပတ်သက်ပြီး “မိန်းကလေးတွေ အတွက်က ဓါးတွေ ဆောင်ထားမှ တုတ်တွေ ဆောင်ထားမှ ကျင်စက်တွေ ဆောင်ထားမှ ကိုယ့်ကိုကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဘောပင်တချောင်းလေး ရှိရုံနဲ့ လည်ပင်ကောက်ထိုးလိုက်မယ် မျက်လုံးကို ထိုးလိုက်မယ်။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းတွေ အများကြီးရှိပါတယ်။ အမှန်တရားပြောလို့ လူမုန်းများလို့ ကိုယ့်ကိုသတ်သွားမှာဆိုးလို့ ကြောက်ရွံနေမှာ မဟုတ်ဘူး။ အမကို သတ်ချင်ရင် သူပါသေရမယ်” ဆိုပြီးတော့ ပြတ်ပြတ်သားသားကို ပြောကြားသွား ခဲ့ပါတယ်။crd