လိပ်ပြာစံအိမ် ရိုက်ကူးတဲ့ ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ဖို့ စာချုပ်ချုပ်ခဲ့တဲ့ ပိုင်တံခွန်

0
328

ပျိုပျိုမေတို့ အသည်းကျော် ပိုင်တံခွန် ကတော့ မြန်မာနိုင်ငံမှာတင်မက ထိုင်းနိုင်ငံမှာလဲ အရမ်းကို အောင်မြင်နေတဲ့ မင်းသားတစ်လတ်ပါ။ သူဟာ ယခုအခါမှာတော့ ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ရိုက်ကူးခဲ့ တဲ့ Brave Empire Entertainment ရုပ်ရှင်ထုတ်လုပ်ရေး အနေမှ ပိုင်တံခွန်ကို ရုပ်ရှင်ကားတွေ များစွာရိုက်ကူးဖို့အတွက် သြဂုတ်လ (၇)ရက် နေ့က စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ပိုင်တံခွန်က တော့ သူစာချုပ်ချုပ်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ Brave Empire နဲ့ ဇာတ်ကားတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်၊Brave Empire ဆိုတာကလည်း ဇာတ်ကားကောင်းတွေကို စနစ်တကျ ရိုက်ကူးပြီး အရည်အသွေးကိုသာ ဦးစားပေး တဲ့ ထုတ်လုပ်ရေးမို့ ယုံကြည်ပြီးသားပါ၊ သူ့ရဲ့ ရုပ်ရှင်ကားတွေ ထွက်လာရင်လဲအားပေးကြပါဦးဆိုပြီးလဲပြောခဲ့ပါတယ်။

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပျိုပျိုမေတွေနဲ့ သြဂုတ်လ (၇) ရက်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကတော့ အရမ်းကိုအားကျစရာကောင်းလှပါတယ်။ မြန်မာပြည်မှာရှိတဲ့ ပိုင်တံခွန်ရဲ့ ပရိသတ်ကြီးတွေအနေနဲ့လဲ သူ့အတွက် ဂုဏ်ပြု စကားဆိုခဲ့ပါအုံးနော်။crd