မိန်းမတွေက တစ်ချိန်ပဲကောင်းတယ်ဆိုတဲ့ ထူးအောင်

0
2798

ဗလတောင့်တောင့် နဲ့ မိန်းကလေးတွေကို စွဲဆောင်နိုင်တဲ့ မြန်မာသရုပ်ဆောင်တွေအများကြီးပေါ်ပေါက်လာတဲ့ကြားထဲမှာ အင်တာဗျူးတွေဖြေရင်း အမြဲတမ်းရယ်ရယ်မောမောနဲ့ ဖြေတတ်တဲ့ ထူးအောင်က မိန်းကလေးတွေနဲ့ပတ်သက်ပြီး သူရဲ့သဘောထားတွေကို Myanmar Celebrity နဲ့အင်တာဗျူးမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ထူးအောင်က “အသည်းကွဲဖူးတယ် ကိုယ်အရမ်းချစ်ဖူးလားဆိုတော့ ချစ်ဖူးတယ် ခုနောက်ပိုင်းကျတော့ ကျွန်တော်တို့က အရမ်းမချစ်ရဲတော့ဘူး ဆယ်တန်းလောက်တုန်းကကောင်မလေး ကျွန်တော်အမြဲပြောတယ် မိန်းမတွေက မကောင်းဘူးဗျ တချိန်ပဲကောင်းတယ် စာရင်းတွက်တဲ့အချိန် အဲ့အချိန်မှာ ကျွန်တော် အသည်းကွဲခဲ့တာပေါ့ သူတို့ကိုလည်းအပြစ်မပြော ပါဘူး သူတို့လဲ သူတို့အကြောင်းပြချက်နဲ့သူတို့ပေါ့။မတွေ့တော့ဘူးဗျ တွေ့ရင်လည်း သူငယ်ချင်းပဲ ဖြစ်တော့မှာ ကျွန်တော် ခု အလုပ်တွေအများကြီး လုပ်ချင်တယ် ကျွန်တော့်ပရိသတ်တွေအတွက် ခုလုပ်နေတဲ့အရာတွေက နည်းနည်းလေးပဲ ရှိသေးတယ် ဒီထက်မက လုပ်ချင်သေးတယ် ကျွန်တော် အသစ်အသစ်တွေ အများကြီး ပေးချင်သေးတယ် ငျွန်တော် လုပ်ချင်တဲ့ အိုင်ဒီယာတွေ အများကြီးရှိသေးတယ် ခုကလုပ်ခါစ အစပဲ ရှိသေးတယ်။

တကယ်တမ်းပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ရိုမန့်ကားတွေ အရမ်းကြိုက်တယ် ကျွန်တော်ဒီနှစ်ထဲမှာ ရိုက်နိုင်ဖို့ကြိုးစားနေတယ် ဒီဇင်ဘာလောက်မှာပေါ့ မဖြစ်ဘူးဆိုရင် ၂၀၂၀ထဲမှာ ရိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ကျွန်တော်တို့အင်္ဂလိပ်ကားကြည့်တယ်ပေါ့ မြန်မာကားလည်းကေ.ာင်းပါတယ် အင်္ဂလိပ်ကားထဲမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်တွေက. စီးမျောနေ တယ်ပေါ့ ကျွန်တော် အဲ့လိုကားမျိုး တစ်ကားလောက်ရိုက်ချင်တယ် ကျွန်တော်နဲ့စိတ်တူကိုယ်တူ လူတွေနဲ့ အဖွဲ့ဖွဲ့ပြီး ရိုက်ကူးချင်တယ်ဗျ။

‌အနှစ်သာရရှိရှိဆိုတာChemistry မိမိလေးနဲ့ စီးမြောခံစားပြီးရိုက်ဖို့ ဇာတ်လေးတွေ စိစစ်ဖန်တီးနေပါတယ်။ဘယ်မင်းသမီးလည်းတော့ မသိဘူးဗျ သူပြောတာတော့ ဟုတ်တယ်ဗျ ထားပါတော့ဗျာ စက်ဘီးစီးရင်းနဲ့ စက်ဘီး လဲကျသွားတဲ့ ခံစားချက်ကို သိတော့မှ မလဲအောင်လို့ ဘယ်လိုကုန်းထ ရမလဲ ဘယ်လိုနင်းရမလဲ သိမှာလေ ။ အသည်းကွဲတာဆိုတာလည်း အသည်းကွဲဖူးမှ ဇာတ်လမ်းထဲမှာ အဲ့ခံစားချက်ကိုဆင့်ပွားပြီး ဘယ်လို Creation လုပ်ရမလဲ ဘယ်လို Imagination ထုတ်ရမလဲ သိမှာပေါ့ ကျွန်တော်တို့လည်း အများကြီး ခံစားဖူးပါတယ် ကိုယ်မခံစားရသေးတဲ့ ခံစားချက်အသစ်တွေလည်း အများကြီးရှိသေးတယ်။”ဆိုပြီးပြောပြသွားပါတယ်။crd