လမ်းပျောက်တယ်ဆိုတဲ့ စကားက ပုဗ္ဗနမိတ် ဖြစ်ခဲ့တယ်လို့ ဆိုလာတဲ့ လီလီနိုင်ကျော်

0
3268

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်ပေးမှာ လူငယ်တော်တော်များများရေးသားနေကြတဲ့ လမ်းပျောက်နေတယ် ဆိုတဲ့ ဘန်း စကားတစ်ခုက ယခုအချိန်မှာတော့ တကယ့်ကို လမ်းပျောက်ခဲ့ရတဲ့ ပြည်သူတွေ များစွာ ဖြစ်ခဲ့ရပါတယ် ဒါက စကားနောက်တရားပါ ဆိုတဲ့ နမိတ်တစ်ခုပါလို့ လီလီနိုင်ကျော်က ပြောပြလာခဲ့ပါတယ်။ လီလီနိုင်ကျော်ဟာ လတ်တလောမှာ ပရဟိတ လုပ်ငန်းတွေလုပ်ဆောင်နေပြီး ဘ၀ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနေတာဘဲဖြစ်ပါတယ်။

သူမက “ လူတွေ ပါးစပ်ဖြားတဖွဖွနဲ့ ပြောကြပါဦး “ လမ်းပျောက်တယ်” ဆိုတဲ့ စကားလေး ပုဗ္ဗနမိတ်နော်” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။ လက်တလောမှာတော့ အဆိုပါစကားအတိုင်း မွန်ပြည်နယ်ကြီးမှာ လမ်းတွေပျောက်နေခဲ့ပါပြီ။ သြဂုတ်လ(၈)ရက်နေ့ကစတင်ကာရွာသွန်းခဲ့တဲ့ မိုးသည်းထန်မှုကြောင့် တိုင်းဒေသကြီးတော်တော်များများမှာ ရေဘေးကြုံတွေ့ခဲ့ရပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်၊ ရေး နဲ့ မုတ္တမ စတဲ့နေရာတွေမှာ လူအသေအပျောက်များရုံသာမက အိုးမဲ့ အိမ်မဲ့နဲ့ ပျက်ဆီးဆုံးရှုံးမှုတွေလဲ ရှိနေခဲပါတယ်။

လက်ရှိမှာတော့ အဆိုပါရေးဘေးအတွက် ကူညီကယ်ဆယ်ရေးတွေလဲ လုပ်ဆောင်နေသလို လူ၅၀နီးပါး သေဆုံးခဲ့တဲ့ တောင်ပြိုတဲ့ ဖြစ်စဉ်မှာလဲ သွားရောက်ကူညီကာ ရှာဖွေရေးလုပ်ငန်းတွေကိုလဲ လုပ်ဆောင်နေကြပါတယ်။ သဘာဝဘေး အန္တရာယ်ဆိုတာ ရှောင်လွှဲလို့ မရတဲ့ အရာဖြစ်လို့ အားလုံး သတိရှိစွာ သွားလာနေထိုင်ကြပါနော်။

လီလီနီုင်ကျော်ဟာ မိုးမင်းနဲ့အတူ ပိတောက်ကပွဲဆိုတဲ့ သင်္ကြန်သီချင်းခွေ နဲ့အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့သီချင်းတွေကို ယနေ့အချိန်ထိ သင်္ကြန်ကာလရောက်တိုင်း ပရိသတ်တွေရဲ့ ပါးစပ်ဖြားမှာ နာမည်ကြီးဆဲ ဖြစ်ပါတယ်။ သူမဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်ထက် ပရဟိတလုပ်ငန်းတွေ၊ ဘာသာရေးတွေကို ဦးစားပေးလုပ်ဆောင်လာတာဘဲ ဖြစ်ပါတယ်။crd